နမ့်ဆန်မြို့ တောင်ကျော်(အောက်) ကျေးရွာတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

နမ့်ဆန်    ဇန်နဝါရီ    ၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်  တောင်ကျော်ကျေးရွာအုပ်စု တောင်ကျော်(အောက်)ကျေးရွာတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)  ထောက်ပံ့ငွေနှင့် ဒေသခံပြည်သူများတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောက်လုပ်ပြီးစီးသွားသော နီပွန်ဖောင်ဒေးရှင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့သည်။

ချောင်းဦးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ချောင်းဦး  ဇန်နဝါရီ  ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းဦး အ.ထ.က ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် ချောင်းဦးမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ အား ကျေးရွာ ၁၅ ရွာသို့ လွှဲပြောင်းပေး အပ်ပွဲ ကျင်းပ

ပေါက်ခေါင်း   ဇန်နဝါရီ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

ဘုတလင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ဘုတလင်   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ရွာမွန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်ကြရန်နှင့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြရန် ရှင်းလင်းပြောကြားသည်။

မိုင်းဖြတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

မိုင်းဖြတ်  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာဖေမြင့်ရေးသားသည့် “ တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့နယ်တွင် မြို့တွင်းလမ်း(၃)လမ်း ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကျိုင်းတုံ  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေရွက်မိသားစု ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့တွင်းလမ်း(၃)လမ်း ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေရွက်မိသားစု ကုမ္ပဏီလီမိတက်၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးစိုင်းလုံခမ်းက လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာတွင် လူထုတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း  ဇန်နဝါရီ  ၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ ညောင်ဇင်ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ဒေသဖွံ့ဖြိုးရေးအတွက် လူထုတွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဝေလွင်တို့က လွှတ်တော်ဆိုင်ရာ ကဏ္ဍများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သရက်​ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများအပေါ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ အ-ထ-ကခွဲ၌ ကျောင်းဆောင်သစ်ဖွင့်လှစ်

ဖားကန့်       ဇန်နဝါရီ        ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဖားပြင်ကျေးရွာ အ-ထ-ကခွဲကျောင်း၌ ကျောက်မျက်ကုမ္ပဏီများ၏ လှူဒါန်းမှုဖြင့် ၂၄ ပေ × ၃၀ ပေ အခန်း(၈)ခန်းပါ RC နှစ်ထပ် ကျောင်းဆောင်သစ်အား ယမန့်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်အား ရတနာဆင်သီရိ၊ ရတနာရွှေရည်ဝင်းနှင့် မျိုးနွယ် ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတို့မှ  တည်ဆောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ကျောင်းဆောင်သစ်အပေါ်ထပ်တွင် ရုံးခန်း၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်ခန်းနှင့် ဘာသာ ပေါင်းစုံဘုရားခန်းတို့ပါဝင်ပြီး အောက်ထပ်တွင် စာသင်ခန်း(၄) ခန်းတို့ ပါဝင်သည်။

ကလေးစာပေပွဲတော်(ကန့်ဘလူ)တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

ကန့်ဘလူ  ဇန်နဝါရီ  ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတွင် ယနေ့နံနက် ၉ နာရီက ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာအထက်ကျောင်း၌ စတင်ကျင်းပလျက် ရှိသည်။

ရေနံချောင်း၌ ပြည်သူ့စကားဝိုင်း ကျင်းပ

ရေနံချောင်း  ဇန်နဝါရီ  ၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ချိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

Subscribe to