ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မောက်မယ်  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေ​​ထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။  

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ငဖဲ  ဇန်နဝါရီ  ၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာများအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဘုတလင်မြို့၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ဘုတလင်   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မဟာဗန္ဓုလခန်းမ၌ ယနေ့နံနက်(၉)နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးအောင်ကျော်နှင့် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာများ၊  အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

လက်ပံတန်းမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ဘက်စုံပညာ ထူးချွန်ဆု ၂၀၁ ဆု ချီးမြှင့်ပေးအပ်

လက်ပံတန်း  ဇန်နဝါရီ  ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူး ထူးချွန်ဆုများ ချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက အ.ထ.က(၁) နဝဒေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့ ပြည်သူ့ဆေးရုံ၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုများ (အခမဲ့) ဆောင်ရွက်ပေး

ကျောက်တန်း ဇန်နဝါရီ  ၈

ကျောက်တန်းမြို့ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့ (CVD) နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက် (၇၀) ကျော် အဘိုးအဘွားများအား အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် (၇) နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မောက်မယ်  ဇန်နဝါရီ  ၈

၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် / ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသန္တရစီမံကိန်း လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ မြို့နယ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ကသာမြို့၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း ဖွင့်ပွဲကျင်းပ

ကသာ  ဇန်နဝါရီ  ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍  စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီ အချိန်က ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျေးသီးမြို့၌ မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကျင်းပ

ကျေးသီး ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ကျေးသီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း အဆောက်အဦခန်းမ၌ ယနေ့နံနက် (၈)နာရီက ကျင်းပသည်။

ရှေးဦးစွာ ကျေးသီး အ.ထ.က မှ Grade-6 ကျောင်းသားကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်းနှင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်တို့က အမှာစကား ပြောကြားကြသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများ အဆိုပြု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မံစီ  ဇန်နဝါရီ  ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများအဆိုပြု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြုပြင်ခြင်းသင်တန်း ယင်းမာပင်၌ ဖွင့်လှစ်

ယင်းမာပင်   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ  အလှ ပြုပြင်ခြင်း သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

Subscribe to