ရေနံချောင်း ဇန်နဝါရီ ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ချိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါစကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချို၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်မန်နေဂျာ ဦးဇော်ဇော်အောင်၊ သစ်တောဦးစီးဌာန တောအုပ်ဦးလှမြင့်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး