လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မယ်စဲ့  ဇန်နဝါရီ   ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျောက်စု ကျေးရွာ၊ နမ်ပိန်းလင်ကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ

မယ်စဲ့  ဇန်နဝါရီ  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် မြို့နယ်  အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲမြင့်၊ အထက(မယ်စဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ  ဇန်နဝါရီ  ၈

န၀မအကြိမ်မြောက် ဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ် ၁၁ ရပ်ကွက် အနော်ရထာလမ်းရှိ "မဟာအတုလဝေယံ" သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီမှ ည ၉ နာရီအထိ သုံးရက်တိုင်တိုင် ပူဇော်ပွဲကျင်းမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေး

ဒဂုံ  ဇန်နဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ကန်တော်မင်္ဂလာပန်းခြံဝင်း Happy World အတွင်းရှိ ကလေးကစားကွင်းများ၊ စားသောက်ဆိုင်များ လျှပ်စစ်အန္တရာယ်ကင်းဝေစေရေးနှင့်  မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန်အတွက် ယမန်နေ့ မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကိုကို၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ  ဥက္ကဋ္ဌဦးသိန်းဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်သွယ်သွယ်ထွဋ်တို့ ပူးပေါင်း၍ သွားရောက်စစ်ဆေးကြောင်း သိရသည်။

မင်းဘူးမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး စည်းကမ်းမဲ့ ယာဉ်များအား ဖမ်းဆီးစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၇

ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူး-မကွေး ကားလမ်း မင်းဘူးမြို့မ ရဲစခန်းရှေ့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ဘုရားဖူးရာသီလမ်း ယာယီလမ်းပိတ်ထားခြင်း ပြန်လည် ဖွင့်လှစ်

ကနီ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ရုပ်ပွားတော် တည်ရှိရာနေရာ စံကျောင်းတော်သို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေးဘုရားဖူးရာသီလမ်းမှာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုကြောင့် ဘုရားဖူးလမ်းကို ယာယီလမ်းပိတ်ထားရပြီး ယခု ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း အလောင်းတော်ကဿပဘုရား ဂေါပကဥက္ကဋ္ဌ  ဦးအောင်ကိုလင်း၏ ပြောပြချက်အရ သိရသည်။       

ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဟားခါးခရိုင် Community Centre ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်လှစ်

ဟားခါး ဇန်နဝါရီ ၇

ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ ညနေ ၅ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနား တွန်းဇံမြို့၌ကျင်းပ

တွန်းဇံ ဇန်နဝါရီ ၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်)စက်ဝန်း၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန် ချင်းရွှေပြည် အားကစားခန်းမတွင် ကျင်းပသည်။

လိုင်လင်းပီ-ရေဇွာလမ်းပိုင်း၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရေးအခက်အခဲဖြစ်နေ

လိုင်လင်းပီ ဇန်နဝါရီလ ၇

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့အကြား စပေါ်ကျေးရွာအနီး၌ မြေပြိုမှုဖြစ်ပွား၍ ကုန်ကားများ သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါမြေပြိုမှုမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမြေပြိုသည့်နေရာအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Subscribe to