မိုင်းဖြတ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာဖေမြင့်ရေးသားသည့် “ တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းဦးက “လူကြီးနှင့် လူငယ် အဟောင်းနဲ့အသစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရဲသူရအောင်က “တံငါသည်ကို သတိရသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မောနီကာက “နေတတ်တဲ့လူ” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဒေါ်မြတ်မြတ်နိုးက “တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးရာဇာဝင်းထွန်းက “အဆုံးအဖြတ် ပေးတတ်တဲ့သူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများ ၊ Youth Club အဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)