ကျောင်းကုန်း အောက်တိုဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဏာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက နိုင်ငံတော်မှ အကုန်အကျခံဖွင့်လှစ်ပေးတဲ့အပေါ် ကြိုးစားပြီးသင်ယူကြဖို့ ပြောကြားခဲ့ပြီး၊ ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးက အိမ်တစ်အိမ်မှာ ဆိုင်ကယ်တစ်စီး အနည်းဆုံးရှိတဲ့အတွက် မိမိတို့ဘဝအတွက် အကျိုး ရှိအောင်သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါ မြတ်မွန်က အခြေခံမော်တော်ဆိုင်ကယ်ပြု ပြင်ထိန်းသိမ်းနည်းသင်တန်းကာလမှာ (၁.၁၀. ၂၀၂၅)ရက်နေ့မှ (၃၀.၁၀.၂၀၂၅) ရက်နေ့အထိ ရက်ပေါင်း(၃၀)သင်ကြားပေးမည်ဖြစ်ပြီး ၊သင် တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)