ငရုတ်ကောင်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများထဲမှ အသက်(၁၈)နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီကမြို့ပေါ် ရပ်ကွက်(၁,၂)တွင် နေထိုင်သောယာယီနေရပ်စွန့်ခွာ ပြည်သူနှင့်တွေ့ဆုံကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားများ၌ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးမှ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ဟောပြောရာတွင် မြို့အုပ်ချုပ်ရေးမှူးက တက်ရောက်လာကြသူယာယီနေရပ်စွန့်ခွာပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိ နေရပ်မဲဆန္ဒနယ်တွင် အသက်(၁၈)နှစ်အထက် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးသူများ၊ ပျောက်ဆုံးသူများနှင့် အသစ်ပြုလုပ်မည့်သူများရှိပါက ဆောင်ရွက်ကြရန် နှင့်မဲပေးခွင့်ရှိသူတိုင်း အခွင့်အရေးမဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ သွားရောက်စိစစ် ရေးသွင်းကြရန် နှိုးဆော် အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)