မလှိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ

မလှိုင် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀) ရက်နေ့ စတင်ကြေညာထားရာ ယမန်နေ့နံနက် (၉) နာရီက မလှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို စက်တင်ဘာ (၃၀) ရက်နေ့မှ အောက်တိုဘာ (၁၃) ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကို ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး မဲစာရင်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လိုပါက သတ်မှတ်ပုံစံများဖြင့် သတ်မှတ်ရက်အတွင်းဆောင်ရွက်နိုင်ကြောင်း၊ လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများကို အသိပညာပေးရှင်းလင်းပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မလှိုင်(ပြန်/ဆက်)