ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ACCESS TO HEALTH FUND အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီ ရရှိရေး စီမံချက်” Reaching Equitable Access To Health Through Local – empowerment (REAL) Project ၏ ဘက်စုံစေတနာ့ ဝန်ထမ်း(ICMV) မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကသာပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းမှာ တက်ရောက်သော ဘက်စုံစေတနာ့ဝန်ထမ်း များအား ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ဖြန့်ခွဲစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။