သီပေါမြို့နယ် ပန်မိတ်ကျေးရွာတွင် ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန်အဆုတ်ရောင်ရောဂါ အကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်(စ်) ပြင်းထန် အဆုတ်ရောင်ရောဂါအကြောင်း သိရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီ က သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာသို့ ကွင်းဆင်း ဟောပြောခဲ့သည်။

ဆိပ်ဖြူမြို့နယ် တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က ဒေသခံပြည်သူအများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်က အနောက်ပိုင်းရပ်ကွက်တွင် ပြုလုပ်သည်။

တာမွေမြို့နယ်တွင် Coronavirus (2019 n-Cov) အဆုတ်ရောင် ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့ နံနက် ၁၁ နာရီအချိန်က ကျောင်းမြောင်းစျေးနှင့် တာမွေစျေးတို့ရှိ စျေးတာဝန်ခံရုံးများတွင် စျေးတာဝန်ခံများ၊

နမ္မတူမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၏ လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (Women Club) မှ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ရုံးသစ် ဖွင့်လှစ်

မကွေးခရိုင်၊ မြို့သစ်မြို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် တိုက်တန်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

နမ့်ဆန်၌ 2019 Novel Coronavirus ရောဂါကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ​ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။

နမ့်စန်မြို့နယ် လွယ်ဆိုင်းကျေးရွာတွင် ပြည်သူ့စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

သက်ငယ်မုဒိမ်း မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲ မုတ်စီကျေးရွာ၌ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့မ ရဲတပ်ဖွဲ့စခန်းနှင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီက မုတ်စီကျေးရွာ ဘုန်းတော်ကြီးကျောင်း မဟာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

သရက်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရန် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ကြသည်။
Subscribe to