သီပေါမြို့နယ်၊ ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)ပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။