ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ဟားခါမြို့အဝင် လုံခြုံရေးဂိတ်၌ ခရီးသွားပြည်သူများအား စစ်ဆေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိ
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်နေ့က ဟားခါးမြို့သို့ လာရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။