လှိုင်းဘွဲ မတ် ၃၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ လူသွား/လူလာများသော စည်ပင်သာယာမြို့မဈေးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးဖျန်းရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဦးစီးအရာရှိ ဦးကျော်နိုင်ဦးနှင့် ဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၁၅)ဦးခန့်က ဈေးသို့ လာရောက် ဝယ်ယူကြသည့် ဈေးသည်များ အန္တရာယ်မရှိစေရေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ဈေးဆိုင်ခန်းများ၊ ဈေးအတွင်း/အပြင်၊ အများသုံး သန့်စင်ခန်းနေရာများသို့ ပိုးသတ်ဆေးများ ပက်ဖျန်းခြင်းနှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)