နန်းယွန်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ နန်းယွန်းမြို့ အဝင်တွင် ဆောင်ရွက်ခဲ့သည်။