ဇလွန်မြို့မစျေးသစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေး စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်အတွင်း ဆောင်ရွက်ခဲ့ကြသည်။