ကော့မှူး၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် စမ်းကောက် ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ချီဖွေမြို့နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းအား လာရောက်ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းအား မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

မြောင်းမြ၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဇန်နဝါရီ ၊ ဖေဖေါ်ဝါရီ၊ မတ်) သုံးလစာအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အမှတ်(၁၀)ရပ်ကွက်ရှိ အဘွားဒေါ်ခင်ကြည်ထံ အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစောင်များ စဉ်ဆက်မပြတ် ဖြန့်ဝေလျက်ရှိ

ကမ္ဘာနိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသော Covid-19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် ပညာ ပေးလက်ကမ်းစာစောင်များကို မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာ လျက်ရှိသော နေရာများတွင် ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်းနှင့် တံတားများတွင် သွားလာလျက်ရှိသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ဓနုဖြူ၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီပိုင် မြို့မဈေး အတွင်း၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဈေးကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက် ခဲ့သည်။

ကော့ကရိတ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေး အပူချိန်တိုင်းတာ ဆောင်ရွက်ခြင်းကို ကော့ကရိတ်မြို့ လိုင်ဝစစ်ဆေးရေး ဂိတ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ် (စ်) ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာစျေးနှင့် ကိုးပင်ကျေးရွာ တို့သို့ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ် (စ်) ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်က တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးကိုကိုဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်မှုကို လူစည်ကားရာဖြစ်သည့် အောင်လံမြို့မဈေးကြီးတွင် ယနေ့ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအချိန်ထိ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြေားင်း သိရသည်။
Subscribe to