နောင်ချိုမြို့၌ Facility Quarantine အတွက် သဖန်းကိုင်းပရဟိတကျောင်းတွင် ပြင်ဆင်ထားရှိ

နောင်ချိုမြို့နယ်အတွင်းရှိ COVID-19 သံသယလူနာများအား ထားရှိနိုင်ရန်အတွက် Facility Quarantine ကို သဖန်းကိုင်း ပရဟိတကျောင်းတွင် ပြင်ဆင်ထားရှိထားပြီး ဖြစ်ပါသည်။

မန္တလေးစက်မှုဇုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင်ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင် ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံရှိ ကနောင်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၁၀၀)လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထွန်းလင်းကံရတနာရွှေဆိုင်မှ အလှူငွေကျပ်သိန်း (၁၀၀) ကို ယမန်နေ့ နေလယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်း၌ ယမန်နေ့ နံနက် (၁၁) နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်ရာ

ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူအားလုံးကို Community Quarantine ပြင်ဆင်ထားရှိပြီး သက်ဆိုင်ရာကြီးကြပ်ကော်မတီများက ကွင်းဆင်းစစ်ဆေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအားလုံးကို၊ (၁၄)ရက်စောင့်ကြည့်နိုင်ရန် သက်ဆိုင်ရာကျေးရွာ အလိုက် Community Quarantine များဆောင်ရွက်ထားရှိပြီးဖြစ်ရာ၊ အဆိုပါ သတ်မှတ်နေရာများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များက၊ မတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ယင်းမာပင်မြို့၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက် သီးခြားနေထိုင်ရန် စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ထိန်ချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine ၁၄ ရက် သီးခြားနေထိုင်စောင်ကြည့်နိုင်ရန် ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာစိုးသန်း မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်က မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့ နယ်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ထောက်ပံ့ရေးပစ္စည်းများကို မိတ္ထီလာမြို့နယ် ကန်တော် မင်္ဂလာခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ညောင်တုန်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်‌ရေးစင်တာ (၇) ခုဖွင့်လှစ်၍ ပြည်ပမှ ပြန်လာသူ (၁၀၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် သီးခြားထားရှိသောနေရာအဖြစ် စောင့်ကြည့်‌ရေးစင်တာ (၇) ခုကို ပြင်ဆင်ဆောင်ရွက်ထားရှိရာ မတ်လ (၂၇) ရက်နေ့မှစတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စောင့်ရှောက်ကြီးကြပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။

ပုသိမ်မြို့နယ်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စုပေါင်းရုံး အစည်းဝေးခန်းမ၌ COVID-19 ရောဂါနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကော်မတီအဖွဲ့များ၏ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် များ ညှိနှိုင်းဆွေးနွေးပွဲနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စတင်၍ ဆွေးနွေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ ထံ လှူဒါန်းထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ)ထံလှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ အချိန်က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ကျင်းပသည်။
Subscribe to