ဖားကန့်မြို့၌ ဖားကန့်အလင်းတန်းစာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပ
ဖားကန့် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၌ ဖားကန့်အလင်းတန်းစာကြည့်တိုက်နှင့် လူငယ်စင်တာအား ယမန်နေ့နံနက်(၉)နာရီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီလာဆွေ၊ စာရေးဆရာ နေဝင်းမြင့်နှင့် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များ၊ စာကြည့်တိုက်ဖြစ်မြောက်ရေးအလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။