ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြည်သူကြားနာပွဲ ကျင်းပ

တောင်ကြီး  မတ်  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ပြည်သူကြားနာပွဲကို ယနေ့နံနက် ၉ နာရီ  အချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် လွှတ်တော်မှ ရေးရာကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ ဆီဆိုင်/ ကလော/ ရပ်စောက်/ ပင်းတယ/ ညောင်ရွှေ/ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်းမှူးများ၊ မြို့နယ်ဥပဒေအရာရှိများ၊ နိုင်ငံရေးပါတီ၊ CSO အသင်းအဖွဲ့၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်တီ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် က ပြည်သူကြားနားပွဲတွင် နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက်တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် က ခရိုင်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အပြန်အလှန်ဆွေးနွေးတင်ပြချက်များကို ရှမ်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်တီ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းစေရေးအတွက် တင်ပြ၍ ဥပဒေတစ်ခု ပေါ်ပေါက်လာရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြည်သူ လူထုကြားနားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)