ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့) အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ညောင်တုန်းမြို့နယ်၌ "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော "လူငယ်အညွန့်အဖူးလေးများအတွက်" စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ပြုလုပ်ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ်တွင် ယာဥ်များအား BarCode/QRCode ဖြင့် စက်သုံးဆီရောင်းချ​နေမှုအား လိုက်လံ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ Max၊ Apex၊ ရွှေသရဖူစက်သုံး ဆီအရောင်းဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက​ မြို့နယ်စီစစ်​ကြီးကြပ်ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွား‌စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၏ ပူးပေါင်းလှူဒါန်းငွေများဖြင့် မြောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုဓမ္မာရုံံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်ချိန်းယာယီတိမ်းရှောင်စခန်း အိမ်ရာသစ် ဆုတောင်းပွဲ၊ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ဝိုင်းမော်ဒေသခံပြည်သူများအား အသိပေးရှင်းလင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသတွင်း နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာသော မိသားစုများအား နေရာချထား ထောက်ပံ့ပေးလျက်ရှိရာ မန်ခိန်ရပ်ကွက်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာတွင် နေရာချထားပေးခဲ့သော နောင်ချိန်ကျေးရွာမှ အိမ်ထောင်စုများက ယာယီခိုလှုံရာအိမ်ရာအသစ်ရရှိခြင်း ကျေးဇူးတော်ချီးမွှမ်းဆု‌တောင်းပွဲကို အဆိုပါ ယာယီအိမ်ရာစခန်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

နတ်မောက်မြို့၌ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to