ကံမ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့်သင်တန်းကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား နည်းပြဆရာ ဆရာမ (၁၂) ဦးတို့က သင်တန်းသား ဆရာ ဆရာမ (၁၂၉)ဦးတို့အား သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)