မြောက်ဦးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက အဆိုပါတိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။