မိုင်းဖြတ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် နာလီးရွာနှင့် နားမွန်းရွာတို့တွင် အသိပေးနှိုးဆော် ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှူးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများက ကျေးရွာနေ မိဘပြည်သူများအားအသံချဲ့စက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်သည့် နေအိမ်အတွင်း၌သာနေထိုင်ရေး ၊ မဖြစ်မနေအိမ် အပြင်သို့ထွက်ပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရေး၊ နှာခေါင်း စည်း (Mask) မတပ်သူများ နှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊စျေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ရေး၊ လူစုလူဝေးရှိရာသို့ သွားလာခြင်းများရှောင်ကြဉ်ရေး စသည့်အချက်များကို ရှမ်း၊ မြန်မာနှစ် ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ယင်းနောက် ကျေးရွာနေမိဘပြည်သူများကို “ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ကာကွယ်စို့” အသိ ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များကို (အခမဲ့) ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)