ပန်းတနော် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် မြို့ကွက် သစ်ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်( ပြန်/ ဆက်)