ညောင်တုန်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ညောင်တုန် မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ် ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ကယ်ဆယ် ရေး ရန်ပုံငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆင်ထုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စု (၄)စုမှ လူဦးရေ(၁၅)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်း (၄၃၁၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ(၄)ပုံးနှင့် ညောင်တုန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Hygiene parcal (၄)ပုံးတို့အား မီးဘေးသင့် အိမ်ထောင်စု များထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)