ကော့သောင်းမြို့၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်းခြင်းများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက်မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်/ ဆင်း မြေပြင်ကွင်းဆင်းခြင်းများကို ယနေ့ နေ့လယ်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်လျက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ မင်္ဂလာတောာင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ ၁၂ နာရီက ‌အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေပေါက်ပင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်၌ မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပဖြစ်သည့် မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်၍ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မ​ကွေးအကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၄)ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ် လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မ​ကွေးအကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၄) ဦးအား ယနေ့ နံနက် (၈) နာရီ ၁၀ မိနစ်အချိန်က လွှတ်ပေးခဲ့သည်။

ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရသူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၁/၂၀၂၅ အရ မကြာမီမှာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား ၁၁ ဦးတို့အား နိုဝင်ဘာ ၂၇ ရက်က  ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကွင်းအမှတ် (၁၄၆၂)၊ ဦးပိုင်အမှတ် (၃၉)ရှိ တောင်သူ ဦးရန်မျိုးနိုင်ပိုင် လယ်မြေ (၂) ဧက၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
Subscribe to