ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ  အကျဉ်းသား/သူ (၁၆) ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်  ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်နှင့်အညီ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၁၁) ဦးနှင့် အကျဉ်းသူ(၅)ဦးအား ယနေ့နံနက်  (၉)နာရီက လွှတ်ပေးခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်၊ အ.ထ.ကမိုင်းတုံ၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမတွင် ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၇) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲဆန္ဒပြုခန်းတွင် ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ် မြန်အောင်တွင် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က (၁) မြန်အောင်၌ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ် တညင်းကုန်းလက်ကားစျေးအတွင်းရှိ စျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလက်ကားစျေး၊ စျေးရုံးအမှတ် (၃) တွင်းရှိ စျေးဆိုင်ခန်းတစ်ခန်းသည် ယမန်နေ့ည ၈ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြစ်သားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း(ဒုတိယအကြိမ်) ဆက်လက် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ(ဒုတိယအကြိမ်) လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အီလက်ထရောနစ်မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အီလက်ထရောနစ်မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေးဆပ်ကော်မတီမှ စစ်ဆေးခြင်းအား မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ဝင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲညွန့်တို့မှ ယနေ့နံနက် (၁၀) နာရီက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Subscribe to