လားရှိုး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးသုတေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံများသိရှိစေရန်၊ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ရောဂါတွေ့ရှိပါက အထူးကုဆရာဝန်များနှင့် ဆက်လက်ပြသပေးနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးသုတေသနဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ဆန်းစစ်လေ့လာရန်အတွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade-8 (A) စာသင်ခန်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀ ဦးတို့အား မေးခွန်းလွှာများမေးမြန်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အရပ်၊ ကိုယ်အလေးချိန်၊ ခါးပတ်လည်တိုင်းတာခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)