ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဖက်ကွန်ကျေးရွာအုပ်စုရှိ အမှိုက်စွန့်ပစ်နေရာသစ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို ယမန်နေ့ နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ ၂၇ ရက်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။

ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၅ ဦး လွတ်ငြိမ်းသက်သာခွင့်ပြု

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပေါင်းတည်အချုပ်ထောင်၊ ဧည့်ရိပ်သာ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၂/၂၀၂၅)ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၅ ဦးအား  ရာဇဝတ်ကျင့်ထုံး ဥပ‌ဒပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ စားပွဲတင်တင်းနစ်အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ စားပွဲတင်တင်းနစ် အားကစားခန်းမဖွင့်ပွဲနှင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် (၁၂)ရပ်ကွက်အတွင်းရှိ ဆေးတက္ကသိုလ် (၁)တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဇထန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားပြီး ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် ဘာသာတရားရိုသေလေးစားလိုက်နာတတ်စေရန်လည်း ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့၏ကျောင်းတော်ကြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းနှင့်‌‌ ကျောင်းပတ်ဝန်းကျင် အစဉ်သန့်ရှင်းသာယာလှပစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများအားအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရလိုက်နာဆောင်ရွက် ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ဆိုင်ရာသိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀နာရီကမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။

သာစည်မြို့နယ်အတွင်း ဓာတ်အားခကြွေးကျန် ကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း   ဓာတ်အားခကြွေးကျန်ကျဆင်းရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုန်းမဲဇာကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရှိသည်။
Subscribe to