တောင်ကြီး နိုဝင်ဘာ ၂၈
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို ယမန်နေ့ နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်နေရာအား တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခင်နှင်းနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လမ်းအူကြောင်းသစ်ရွေးချယ်ဖောက်လုပ်ခြင်း မြေကာနံရံတည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများကို အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ အနောက်မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း(ဝါးပြားလမ်းဆုံ)မှ ကျောက်တစ်လုံးလမ်းဆုံအထိ ကွန်ကရစ်လမ်းခြင်းနှင့် လမ်းပခုံးပြုလုပ်ခြင်းလုပ်ငန်းများအား ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ဆေးရေးမှူး ဦးစိုင်းကြည်တစ်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)ဒေါ်ခင်နှင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အမှတ်(၁၁၇)ဒုတိယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူး မိုးကျော်ဟိန်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည့် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လမ်းအန္တရာယ်ကင်းရှင်းရေး၊ လမ်းဆုံဖြစ်သည့်အတွက်ကြောင့် လမ်းပုခုံးများ ချောမွေ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)