မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူးမာရိယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ-အိန္ဒိယကိုယ်စားလှယ် ဦးလှဝင်းနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြို့နယ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊ အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်အားကစားခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းသား/သင်တန်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာ ဒေါနအလင်း စာကြည့်တိုက်ဖွင့်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် စာကြည့်တိုက်ပေါင်း ၅ တိုက်ကို ဆောက်လုပ်ဖွင့်လှစ်သွားမည်ဖြစ်ရာ စတုတ္ထမြောက်စာကြည့်တိုက်ဖြစ်သည့် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ကြက်တူရွေးကျေးရွာတွင် ဒေါနအလင်းစာကြည့်တိုက်ကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး တာ၀န်ရှိသူများမှ တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၂)ရပ်ကွက်နှင့် ရွှေလင်ပန်းကျေးရွာအတွင်း   သက်ဆိုင်ရာတာ၀န်ရှိသူများက အပိုင်းလိုက်ခွဲ၍ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် စက်မှုဇုန်များတွင် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် စက်မှုဇုန်များတွင် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား ယမန်နေ့နံနက် ၉ နာရီအချိန်က တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အတက်ရောဂါဆိုင်ရာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက်ဖြင့် အတက်ရောဂါဆိုင်ရာသင်တန်းကို အမှတ်(၇)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင် ပျော်ဘွယ်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် အသက်(၁၈)နှစ်ပြည့်ပြီးသူများ မကျန်ရှိစေရေး စာရင်းကောက်ယူနေမှု၊ စာရင်းဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်သည် ပျော်ဘွယ်မြို့သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကရောက်ရှိပြီး မြို့မရဲစခန်းအတွင်း မဲပေးစက်များထိန်းသိမ်းထားမှု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများပြင်ဆင်ဖြည့်သွင်းနေမှု၊ ရပ်ကွက်အချို့၌ မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေး စာရင်းကောက်ယူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးရွှေဇင် ရမည်းသင်းမြို့နယ်အတွင်း မဲဆန္ဒရှင်များမကျန်ရှိစေရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးရွှေဇင်သည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖောင်းပြင်မြို့၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး စာဖတ်ဝိုင်းဆွေးနွေး

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စီစဉ်ကျင်းပလျက်ရှိရာ "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ" "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်သည်။
Subscribe to