တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရုရှားဘာသာစကားပြော သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာ စကားပြောသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁၀ ရက် ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များမှ ဦးဆောင်ကာ သံဃာတော်အရှင်သူမြတ်များမ‌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ကုတင် (၅၀) ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ‌ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍

မြစ်သားမြို့နယ်တွင် (၇၆)ကြိမ်မြောက်(၃၈) ဖြာ မင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်‌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ် များဘာသာတရားကိုကိုင်းရှိုင်းပြီး ယဉ်ကျေးလိမ္မာသူ များစွာပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ဝိုင်အမ်ဘီအေဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)ကကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် (၃၈) ဖြာမင်္ဂလာတရား‌တော်နှင့်ဗုဒ္ဓဝင်စာမေးးပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်စာမေးပွဲများကို နိုဝင်ဘာ ၂၈ ရက်မွန်းလွဲ ၁ နာရီက ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဝေယံဘုမ်မြင့်ဓမ္မာရုံ၌ ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့်ချင်းပြည်နယ် ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် ချင်းပြည်နယ်ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၈ ရက် ညနေ ၄ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့တွင် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကမ်းခြေလမ်းမကြီးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့သည် တည်ငြိမ်အေးချမ်းသော မြို့တစ်မြို့ဖြစ်သည်နှင့်အညီ မြို့တွင်းမြို့ပြင် ကမ်းခြေလမ်းမကြီးသာယာလှပပြီး ပြေပြစ်ကောင်းမွန်ရေးအတွက် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ (၁၉)ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက် Sea&Lake အပန်း​ဖြေဥယျာဉ်အနီးမှစတင်ပြီး အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်များရှိ ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသော ကမ်းခြေလမ်းမကြီးတစ်လျှောက်တွင်လည်းကောင်း ကျောက်ရောမြေများခင်းခြင်း၊ လမ်းညှိပြုပြင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌(၇၆)ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ရေးဖြေစာမေးပွဲကျင်းပ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး ကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်  ပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ပဲခူးမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသူများ Myanmar Fitness Dance အကပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးဆောင်မှုဖြင့် ကျောင်းသူများအား Myanmar Fitness Dance အက ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီများ ပံ့ပိုးပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ (၁) နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to