လင်းခေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဌဖ လား ကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်”ပြည်ငြိမ်းအေး”အားကစားကွင်းရှိ၊ မိုးလုံလေလုံခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊   ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

ပေါင်းတည်၌ မိုးစပါးများ ရိတ်သိမ်းပြီးစီး

၂၀၂၅ ခုနှစ်၊ မိုးသီးနှံမိုးစပါးများ စိုက်ပျိုးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အနေဖြင့် မိုးစပါး စုစုပေါင်း ၇၃၅၁၄ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားမှုအား နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ာ့ချရေး အသိပညာပေးဟော ပြောပွဲကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကာန) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့က အ.ထ.က(ဝမ်းတွင်း) ပတ္တမြားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။      

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

မိုင်းခတ်မြို့အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး‌ဆောင်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။
Subscribe to