မိုင်းဆတ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ာ့ချရေး အသိပညာပေးဟော ပြောပွဲကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကာန) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းနိုင်က သစ်တောထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများအားလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းသက်နိုင်က တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇင်လတ်က တောမီးကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအားလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ယင်းနောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား သက် ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)