လင်းခေး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဌဖ လား ကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်”ပြည်ငြိမ်းအေး”အားကစားကွင်းရှိ၊ မိုးလုံလေလုံခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးက ဘောလုံးပြိုင်ပွဲအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ ဘောလုံးကွင်းအတွင်းမှပြန်လည်ထွက်ခွာခြင်း၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့က ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ခရိုင်ဥက္ကဋ္ဌနှင့် မြို့နယ်ဥက္ကဋ္ဌတို့က ဘင်ခရာတပ်ဖွဲ့၊ အကအဖွဲ့တို့အား ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားအားရုပ်သိမ်းလိုက်ပြီးနောက် အဆိုပါပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဥ်ကို စတင်ယှဥ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၁၀) သင်းပါဝင်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ပြိုင်ပွဲကာလတစ်လကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
စိုင်းဇော်လတ် (လင်းခေး)