မိုင်းခတ်မြို့အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

မိုင်းခတ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး‌ဆောင်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲတွင် မိုင်းခတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာပါက ဆောင်ရွက်ရမည့်အချက်များအကြောင်း အသိပညာပေးဟောပြောပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ်‌ဆေးဘူးလက်တွေ့အသုံးပြုနည်းများကို ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)