ဟားခါးမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ယိမ်းအဖွဲ့များ လေ့ကျင့်

ဟားခါး     မတ်    ၂၉

ဟားခါးမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ယိမ်းအဖွဲ့များက မတ်လတတိယပတ်မှစ၍ အဖွဲ့လိုက် ယိမ်းအကများ ဆက်လက်လေ့ကျင့်လျက်ရှိသည်။   

ယိမ်းအကနည်းပြတစ်ဦးက “ပြီးခဲ့သည့်နှစ်က မန္တလေးမြေငလျင်ကြောင့် ယိမ်း မကဖြစ်ကြဘူး။ အခုနှစ်မှာတော့ ယိမ်းအကများပါ ကခွင့်ပြုတော့မှာဖြစ်တဲ့အတွက် အခုကတည်းက လေ့ကျင့်နေကြတာပါ”ဟု ပြောသည်။

ဟားခါးမြို့တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး  ယိမ်း အကအဖွဲ့ ( ၈ ) ဖွဲ့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)