ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆိပ်ကြီးအရှေ့ရပ်ကွက် စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။