ကော့ကရိတ်မြို့နယ်တွင် တိရစ္ဆာန်အစာပင်​​ နေဗီယာမြက်သရုပ်ပြစိုက်ပျိုး

​ကော့ကရိတ်  ဇွန်  ၂၅

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်​နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်​နေ့နံနက် ၁၁နာရီတွင် ဆိပ်ဖူးကုန်း​ကျေးရွာရှိ ဦးမြင့်​ဇော်ဦး၏ ယာ​မြေတစ်ဧကတွင် ကျင်းပသည်။

သရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ဒုတိယညွှန်ကြား​ရေးမှူး​ဒေါက်တာ​ကျော်လွင်က တိရစ္ဆာန်အစာပင်​နေဗီယာမြက် စိုက်ပျိုးအသုံးပြုခြင်းဖြင့် လွှ​တ်​ကျောင်းစနစ်မှ အစာ​ကျွေးစနစ်​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးလာ​စေရန် ပြည်တွင်းကျွဲနွားမွေးမြူ​ရေးလုပ်ငန်းများအတွက် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်း​ကောင်း​စေ​သောတိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်​စေရန် အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝ​သော အစားအစာဖြင့်​ကျွေး​မွေးနိုင်ရန် ​နေဗီယာမြက်ကို စိုက်ပျိုးထားရှိခြင်းဖြစ်​ကြောင်း အသိပညာ​ပေး ရှင်းလင်း​ပြောကြားသည်။

အဆိုပါသရုပ်ပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးဥက္ကဋ္ဌ ဦး​ကျော်​ကျော်ဦး၊ မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူး​ ဒေါက်တာ​ကျော်လွင်နှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ​ဒေသခံ​မွေးမြူ​ရေးလုပ်ငန်းရှင်များ တက်​ရောက်ကြ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)