ဖလမ်းမြို့၌မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပ

ဖလမ်း ဇွန် ၂၅

ချင်းပြည်နယ်၊ ဖလမ်း မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော တားမြစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးခြင်းကို ဇွန်လ ၂၅ ရက်၊ နံနက် ၉နာရီ ၃၀ အချိန်က ဖလမ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ဖလမ်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေ၊ ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ရောင်းချမှုတားမြစ်ချက်များကို အသိပညာပေးဆေးနွေးခဲ့ကြောင်းသိရသည်။

ကိုရှိန်း