မင်းဘူး(စကု)မြို့နယ်ရှိ မန်းရေနံမြေမှ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသူအား အကျိုးခံစားခွင့် (ငွေလုံးငွေရင်း) ငွေကျပ်သိန်း ၁၂၀ ကျော် ပေးအပ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသူ အာမခံအလုပ်သမားတစ်ဦးအား လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မန်းရေနံမြေအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မန်းရေနံမြေမှ အထွေထွေမန်နေဂျာ ဦးကျော်မင်းအေး၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးနှင့် တာဝန်ရှိသူများ၊ အာမခံ အလုပ်သမား၏ မိသားစုဝင်များနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။