ဝေါ မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီက ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။
စာမေးပွဲတွင် အခြေပြုမူလတန်း သာမဏေစာရင်းရှိ (၃၆) ပါး၊ ဖြေဆို (၃၄) ပါး၊ (၂) ပါး၊ ပျက်ကွက်ခဲ့ပြီး၊ ပထမငယ်တန်းရဟန်း၊ သာမဏေစာရင်းရှိ (၂၅) ပါး၊ ဖြေဆို (၂၃) ပါး၊ (၂) ပါး၊ ပျက်ကွက်ခဲ့ပြီး၊ ပထမလတ်တန်းတွင် ရဟန်း၊ သာမဏေစာရင်းရှိ (၁၂) ပါး၊ ဖြေဆို (၇) ပါး၊ (၅) ပါး၊ ပျက်ကွက်ခဲ့ပြီး၊ ပထမကြီးတန်းတွင် ရဟန်း၊ သာမဏေစာရင်းရှိ (၆) ပါး၊ ဖြေဆို (၅) ပါး၊ (၁) ပါး၊ ပျက်ကွက်ခဲ့ပြီး၊ စုစုပေါင်းစာရင်းရှိ (၇၉) ပါးတွင် ဖြေဆို (၆၉) ပါး၊ ဝင်ရောက်ဖြေဆိုပြီး၊ (၁၀) ပါး၊ ပျက်ကွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ စာဖြေသံဃာတော်များအား ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာ့နုဂ္ဂအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများကလိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)