ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် ကံမြင့်ကျောင်းတိုက်၊ မြင့်မိုရ်ပရိယတ္တဗိမ္မာန်၌ ကျင်းပသည်။

ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို တိုက်‌ကျောင်းပါဠိတက္ကသိုလ်၌  ကျင်းပပြုလုပ်ခဲ့ရာ ဓမ္မာစရိယစာမေးပွဲ ဆဌမမြောက်နေ့ကို ယနေ့မွန်းလွဲ ၁၂ နာရီတွင် ဆက်လက် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ နွေရာသီအခြေခံ အင်္ဂလိပ်စာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် AML/CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

မုံရွာခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် AML/CFT အသိပညာပေးမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေးတစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့် ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယခုအပတ်စဉ်၌ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေး တစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ရေရှားပါးသော ဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးသည့် ဒေသများသို့ မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာ၊ ငြိမ်းချမ်းရေးလမ်းစဉ်တောရ ကျောင်းတိုက်သို့ သွားရောက်လှူဒါန်းသည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းဆတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဆတ်မြို့၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနသည်  မီးဘေးအန္တရာယ်ကြောင့် အများပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများနှင့် နိုင်ငံပိုင်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက် ညနေပိုင်းက ခရိုင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၊ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု‌အောက်ရှိ မြစ်သားမူလတန်း‌ကြိုကျောင်း မိဘဆရာအသင်းမှကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြစ်သားမူလတန်း‌ကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သီပေါမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြ၊ လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးအောင်ကြည်ထွန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယမန်နေ့ နံနက် ၁၁ နာရီက ရုံးဝင်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                       
Subscribe to