တွံတေးမြို့ သာသနာ့သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏(၂၅၉၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊တွံတေးမြို့သာသနာ့သမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး(၂၅၉၅)အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉ နာရီက ရွှေဆံတော်စေတီ ခြေတော်ရင်းရှိ မြောက်ဘက်စောင်းတန်ရှေ့၌ ကျင်းပသည်။