ကျောက်တံခါးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

ကျောက်တံခါး မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲပထမနေ့ကို ယနေ့ နေ့လယ် (၁၂) နာရီက မြို့နယ်စပင်သာယာခန်းမ၌ စတင်ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း (၃) ပါး၊ ပထမလတ်တန်း (၁) ပါး၊ ပထမငယ်တန်း (၅) ပါး၊ အခြေပြုမူလတန်း (၉) ပါး၊ စုစုပေါင်း (၁၈) ပါး စာရင်းသွင်းထားသော်လည်း ဖြေဆိုသူ (၁၅) ပါးသာရှိပြီး ပထမကြီးတန်း (၃) ပါး၊ ပထမလတ်တန်း (၁) ပါး ပထမငယ်တန်း (၅) ပါး၊ အခြေပြုမူလတန်း (၆) ပါး၊ စုစုပေါင်း (၁၅) ပါး၊ ပျက်ကွက် (၃) ပါးဖြစ်ကြောင်း သိရသည်။

စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)