ချောင်းဆုံ ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို မြို့နယ် (ကျေး/လက်)ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်(၁၁)နာရီက သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးလွင်က သင်တန်းဆင်းအမှာ စကား ပြောကြားကာ သင်တန်းဆရာများအား ဂါရဝလက်ဆောင် ပေးအပ်ခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားတက်ရောက်သူများမှ သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အစားများအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းကို မေ ၁၆ ရက်မှ ယနေ့အထိ (၄၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ကျေးရွာနေ ပြည်သူ (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)