ရွှေတောင်မြို့နယ်တွင် စံညီစာကြည့်တိုက်များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှု စစ်ဆေး

ရွှေတောင် ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နံနက်နက်ပိုင်းတွင် စံညီစာကြည့်တိုက်များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စံညီစာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ စာကြည့်တိုက် ကော်မတီများနှင့် တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် စံညီစာကြည့်တိုက် များ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စာအုပ်စာစောင်သစ်များ ရရှိစေမည့်နည်းလမ်းများ ရှာဖွေဆောင်ရွက်နိုင်ရေး၊ ဆက်လက် ဆောင်ရွက်သွားမည့် စာကြည့်တိုက်လုပ်ငန်း အခြေအနေများကို မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း စာကြည့်တိုက်၊ ဘဝလမ်းညွှန်စာကြည့်တိုက်၊ လေးထပ်လင်းရောင်ခြည် စာကြည့်တိုက်များသို့ ဒို့ကျေးရွာစိုက်ပျိုးရေး နည်းလမ်း ကောင်းများ၊ ဒို့ကျေးရွာစိုက်ပျိုးရေး နည်းလမ်းကောင်းများ (၂)နှင့် ဒို့ကျေးရွာမွေးမြူရေးနည်းလမ်း ကောင်းများ စာအုပ်တို့ကို စာကြည့်တိုက်ကော်မတီဝင်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)