မိုင်းရယ်မြို့နယ် ကျေးရွာအုပ်စုများမှ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

မိုင်းရယ် ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆေးရရှိမှုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ကျေးရွာအုပ်စု(၆)အုပ်စုမှ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဟိုယကျေးရွာအုပ်စု၊ နောင်မိုကျေးရွာအုပ်စု၊ လုတ်ခိုက် ကျေးရွာအုပ်စု၊ ခိုဆိုင်းကျေးရွာအုပ်စု၊ မန်ဖိုင်ကျေးရွာအုပ်စုနှင့် မန်ကျောင်းကျေးရွာ အုပ်စုတို့မှ (၂၀၃)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)