ဗိုလ်တထောင်မြို့နယ် အ.ထ.က(၄)ကျောင်းတွင် "မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး" ဟောပြောပွဲ ကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၅

ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ဇူလိုင် ၄ရက်နေ့က "မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး" ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။          

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အ.ထ.က(၄)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝေက ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်၏ဆိုးကျိုးများကို သိရှိပြီး၊ ရှောင်ရှားနိုင်ရန် မူးယစ်ဆေးဝါး စတင်လာပုံ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် မိမိကိုယ်တိုင် သာမက မိသားစုများ၏ဘဝများလည်း ဆုံးရှုံးရကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းကြောင့် ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အားလုံးပူးပေါင်းပါဝင်၊ လက်တွဲဖြေရှင်းနိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများအတွက် အသိပညာပေး ဆောင်ရွက်နေမှုများကို ကျောင်းသူ (၂၀၄)ဦးအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)