တောင်တွင်းကြီး ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ညနေ(၃)နာရီက တလုတ်ပင်ကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှသောင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခုတ်မွန်းလျန်က Cash For Work စီမံကိန်းကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားကာ ကျေးရွာနေဒေသခံပြည်သူများဖြင့် Cash For Work စီမံကိန်း ကော်မတီဖွဲ့စည်းပေးခဲ့သည်။
ထို့နောက် မိတ်ဆက်ရှင်းလင်းပွဲ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်